ဧဝံဂေလိတရားဟောဆရာကို ထောင်ဒဏ် (၄၃)နှစ်အမိန့်ချ

ဧဝံဂေလိတရားဟောဆရာကို ထောင်ဒဏ် (၄၃)နှစ်အမိန့်ချ
သက်ငယ်မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ ဧဝံဂေလိတရားဟောဆရာတော် Lal Biak Lar@Lar Boih ကို ကလေးခရိုင်တရားရုံးက ဒီနေ့ ညနေပိုင်းမှာ ထောင်ဒဏ်(၄၃)နှစ်အမိန့်ချမှတ်လိုက်ပါတယ်။

Lar Boih ကို ပုဒ်မ ၃၇၆ နဲ့ သီးခြားစီ အမှုဖွင့်ထားတဲ့တွက် အမှုတစ်ခုတွင်ထောင်ဒဏ်နှစ်(၂၀) စီချမှတ်ပြီး၊ ပုဒ်မ ၅၀၆(ခြိမ်းခြောက်မှု)အတွက် ထောင်ဒဏ် (၂)နှစ် နဲ့ ပုဒ်မ ၃၂၃(နာကျင်စေမှု)အတွက် ထောင်ဒဏ် (၁)နှစ် စုစုပေါင်း ထောင်ဒဏ် (၄၃)နှစ်ချမှတ်လိုက်ပါတယ်။

ဧဝံဂေလိတရားဟောဆရာ Lar Boih ဟာ ဖလမ်းမြို့နယ်ကနေ ၎င်းတို့နေအိမ် ကလေးမြို့နယ် လက်ပံခောျင်းကျေးရွာမှာလာရောက်နေထိုင်တဲ့ မိုင်….(၁၅နှစ်)ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်….(၁၄နှစ်)ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်တယ်လို့ဆိုကာ ၂၀၁၈ ခုနှစ် ဧပြီလ(၁၃)ရက်တွင် ကယာကံရှင် ကလေးမိဘတွေကိုယ်တိုင်က တာဟန်းရဲစခန်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ( ၁၃)ရက်တွင် အမှုဖွင့်လိုက်ပါတယ်။

ဒါကြောင့် ၂၀၁၈ ခုနှစ် မေလ(၁၁)ရက်နေ့တွင် ကလေးခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃(နာကျင်စေမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁(မုဒိမ်းပြုကျင့်ရန်ကြိုးစားအားထုတ်မှု) တို့နဲ့ တရားစွဲတင်ထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်