ဧပြီလပထမပတ်တွင် မြို့သစ်နှစ်မြို့ ဖွင့်လှစ်မည်

 

ဖလမ်းမြို့နယ် ဝေဘူလမြို့မြင်ကွင်း
ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မြင်ကွင်း

ဧပြီလပထမပတ်တွင် မြို့သစ်နှစ်မြို့ ဖွင့်လှစ်မည်

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ဝေဘူလမြို့ကို ဧပြီလ(၃)ရက်တွင်လည်းကောင်း၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့ကို ဧပြီလ(၅)ရက်တွင်လည်းကောင်း ဖွင့်လှစ်သွားမည်ဟုသတင်းရရှိပါသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က မတ်လ(၂၁)ရက်တွင် ဖလမ်းမြို့နယ် ဝေဘူလမြို့သို့သွားရောက်စဉ် ဒေသခံများထံ ပြောကြားခဲ့တာဖြစ်ပါသည်။

ဝေဘူလမြို့သည် ကလေးမြို့နတ်ချောင်းကျေးရွာမှ ဖလမ်းမြို့သို့သွားရာလမ်းမပေါ်မှာတည်ရှိပြီး ရပ်ကွက် (၄)ခုခွဲကာ အိမ်ခြေ (၁၀၀)ကျော်ရှိပါတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၀)ရက်မှာ နိုင်ငံတော်သမ္မတရုံးက ရွာအဆင့်မှ မြို့အဆင့်တိုးမြှင့်ထားကြောင်းထုတ်ပြန်ထားပါသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၃၀)ရက်တွင် နိုင်ငံတော်ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယို ချင်းပြည်နယ်သို့လှည့်လည်စဉ် ဖွင့်လှစ်ရန်စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဖွင့်လှစ်နိုင်ခဲ့ပေ။

ဝေဘူလမြို့အုပ်ချုပ်ရေးမှူး ဦးငွန်ဆန်က “မတ်လ(၂၁)ရက်မှာ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ကတော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ရောက်လာတဲ့ချိန်မှာပြောသွားတယ်။ ဖွင့်ပွဲလုပ်ဖို့လည်း အလှူတွေလိုက်ခံနေတယ်။ အကုန်လုံး သိန်း (၆၀)လောက်ကုန်ကျမယ်လို့မှန်းထားတယ်။ ဒီပမာဏက ကျနော်တို့အတွက်ခက်ခဲပေမယ့် မြို့လည်းရချင်တယ်ဆိုတော့ တာဝန်ယူရမှာပေါ့”ဟုပြောပါသည်။

ကန်ပက်လက်မြို့နယ် ကျင်ဒွေးကျေးရွာအုပ်စု ကျေးရွာ(၄)ရွာ ဖုန်းတွီတင်ရွာ၊ ထန်းကုန်ရွာ၊ ဟုပ်ဖုန်ကျင်းရွာ၊ ကျင်ဒွေးရွာပေါင်းပြီး ကျင်ဒွေးမြို့အဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်မှာ နိုင်ငံတော်သမ္မတရုံး၏ နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီးက စာအမှတ်၊ ၅၀၉(၅၁)/၁၂ နဲ့အတည်ပြုထုတ်ပြန်လိုက်ပါသည်။ ကျင်ဒွေးကျေးရွာဟာ ကန်ပက်လက်နဲ(၅၇)မိုင်လောက်ပြီး တစ်အုပ်စုလုံးတွင် အိမ်ခြေ (၂၀၀-၃၀၀)ခန့်ရှိပါသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ (၂၆)ရက်မှာ ကန်ပက်လက်မြို့သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရောက်လာစဉ်ကျင်ဒွေးရွာကို မြို့အဆင့်တိုးမြှင့်ပေးရန် ကတိပေးထားခဲ့ပါသည်။

ကျင်ဒွေးရွာဟာ ၁၉၇၀ ခုနှစ်ဝန်းကျင်တွင်မြို့ဖြစ်ခဲ့သော်လည်း ၁၉၇၄ အခြေခံဥပဒေကြောင့် ရွာအဆင့်လျော့ကျသွားပါတယ်။

ချင်းပြည်နယ်ဟာ မြို့နယ်(၉)မြို့နယ်နဲ့ မြို့(၉)မြို့ ဖြစ်လာသည်။ တီးတိန်မြို့နယ်မှာ ခိုင်ကမ်းမြို့၊ တွန့်ဇံမြို့နယ်တွင် ကျီးခါးမြို့၊ ဖလမ်းမြို့နယ်မှာ ရိခေါ်ဒါရ်မြို့၊ ဝေဘူလမြို့၊ ထန်တလန်မြို့နယ်တွင် နှရိန်းမြို့၊ မတူပီမြို့နယ်တွင် လိုင်လဲပီမြို့၊ ရေဇွာမြို့၊ ကန်ပက်လက်မြို့နယ်တွင် ကျင်ဒွေးမြို့၊ မင်းတပ်မြို့နယ်တွင် မကွီအိမ်နူးမြို့၊ ပလက်ဝမြို့နယ်တွင် ဆမီးမြို့ စသည်တို့ပါဝင်ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်