ဆေးကျောင်းနဲ့ သူနာပြုကျောင်းတက်မယ့် ချင်းကျောင်းသားတွေ ပညာသင်ထောက်ပံ့ကြေးလျှောက်နိုင်

ဆေးကျောင်းနဲ့ သူနာပြုကျောင်းတက်မယ့် ချင်းကျောင်းသားတွေ ပညာသင်ထောက်ပံ့ကြေးလျှောက်နိုင်

ဒီနှစ်ဆယ်တန်းအောင်မြင်ပြီး ဆေးကျောင်းနဲ့ သူနာပြုကျောင်းတက်မယ့် ချင်းကျောင်းသူ၊သားတွေ El Shaddai Medical Education ပညာသင်ထောက်ပံ့ကြေးကို လျှောက်ထားနိုင်ပါတယ်။

El Shaddai Medical Education ပညာသင်ထောက်ပံ့ရေးဟာ နှစ်စဉ် ချင်းကျောင်းသူ၊သား (၁၂)ဦးကိုရွေးချယ်ပြီး ထောက်ပံ့ပေးပါတယ်။ ယင်းအစီအစဉ်ဟာ ၂၀၁၇ ခုနှစ်ကစပြီး ၂၀၁၉ ခုနှစ်ထိ ကျောင်းသားစုစုပေါင်း (၃၆)ဦးထံထောက်ပံ့ကြေးပေးနေပါပြီ။

ထောက်ပံ့ကြေးပေးတဲ့ပုံစံကတော့ တစ်နှစ်အတွက် ရန်ကုန်တွင်တက်ရောက်သည့်ကျောင်းသူ၊သားကို ကျပ်သိန်း(၂၀)၊ မန္တလေးကျောင်းတွင်တက်ရောက်သည့်ကျောင်းသူ၊သားကို တစ်နှစ်အတွက် ကျပ်(၁၂)သိန်း၊ ဖလမ်းမြို့တွင် သူနာပြုကျောင်းတက်ရောက်သည့် ကျောင်းသူ၊သားကို ကျပ်(၁၀)သိန်း ထောက်ပံ့ထားပါတယ်။ ထောက်ပံ့ကြေးကို သုံးလ သို့မဟုတ် လေးလတစ်ကြိမ်ပေးအပ်ပါတယ်။
ယင်းပညာသင် ထောက်ပံ့ကြေးလျှောက်လိုပါက ပါစတာ ပေါလုလာလ်ဆင် ၀၉-၅၁၉၉၀၆၀ တွင်လည်းကောင်း၊ email:pastorpaullsyn@gmail.com တွင်လည်းကောင်း ဆက်သွယ်နိုင်ပါတယ်။

Zalen ad

El Shaddai Medical Education ပညာသင်ထောက်ပံ့ရေးတာဝန်ခံ ပါစတာ ပေါလာလ်ဆင်က “အကျင့်စာရိတ္တပျက်ပြားလို့ဖြစ်စေ၊ စာမေးပွဲကျရင် ဒီထောက်ပံ့ကြေးကို တခါတည်းရပ်ဆိုင်းမှာဖြစ်တယ်။ ဘာမှပြဿနာမရှိရင်တော့ သူတို့ကျောင်းပြီးတဲ့အချိန် ထိထောက်ပံ့မယ်။ လျှောက်လွှာတွက်လိုအပ်တဲ့အချက်အလက်တွေကတော့ သူတို့တက်ရောက်နေတဲ့ကျောင်းရဲ ထောက်ခံစာ၊ အသင်းတော်ရဲ့ထောက်ခံစာ၊ ပြီးတော့ သူတို့ကိုယ်ရေးအကျဉ်းချုပ်တွေရေးရမယ်”
လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်