လေပြင်းတိုက်ခတ်လို့ ကန်ပက်လက်မြို့နယ်မှာ အိမ်(၇၀)ကျော်ပျက်စီး

 

ကန်ပက်လက်မြို့နယ် တုံငယ်ကျေးရွာက ဝန်ထမ်းအိမ်ရာအမိုးလန်ပျက်စီးနေတာတွေ့ရ စဉ် (Photo:Ng’yeng Long)

လေပြင်းတိုက်ခတ်လို့ ကန်ပက်လက်မြို့နယ်မှာ အိမ်(၇၀)ကျော်ပျက်စီး
ကန်ပက်လက်မြို့နယ်မှာ ဖေဖော်ဝါရီလ (၁၆)ရက်နဲ့ (၁၇)ရက်မှာ လေပြင်းတိုက်ခတ်လို့ ကျေးရွာခြောက်ရွာက အိမ်(၇၃)လုံးပျက်စီးသွားတယ်လို့ ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူး တွေရဲ့စာရင်းအရသိရတယ်။
ဒီပျက်စီးမှုစာရင်းတွင်အများစုက လူနေအိမ်တွေဖြစ်ပြီး ဝန်ထမ်းအိမ်ရာတွေလည်းပါဝင်ပါတယ်။
ဖေဖော်ဝါရီလ (၁၇)ရက် ညနေ (၁၀)နာရီမှာ လေပြင်းတိုက်ခတ်လို့ ကြက်ခြံကျေးရွာ နေအိမ်(၆)လုံးပျက်စီး။
တုံငယ်ကျေးရွာမှာ ဖေဖော်ဝါရီလ(၁၆)ရက် ည(၉)နာရီမှာလေပြင်းတိုက်လို့ အိမ်(၄၀)လုံး၊ မကြားကျေးရွာအုပ်စု မကြားရွာ၊ ထပ်ရွှိရွာ၊ လှေ့စုံရွာ၊ ပန်းကြိုင်ရွာမှာ အိမ်(၁၇)လုံးပျက်စီးသွားပါတယ်။
ကန်ပက်လက်မြို့နယ် ထွေအုပ်ရုံးဝန်ထမ်းတစ်ဦးက “အခုကျေးရွာတွေမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ပျက်စီးတဲ့စာရင်းတွေပို့ပေးဖို့ပြောထားတယ်။ အများစုအိမ်တွေက မြက်သက်ကယ်အိမ်တွေဆိုတော့ ဆုံးရှုံးမှုတန်ဖိုးလည်းသိပ်များမယ်မထင်ဘူး။ ဆိုတော့ အပျက်အစီးစာရင်းအတိကျတော့ ချင်းအမျိုးသားနေ့ပြီးမှ ရကောင်းရနိုင်တယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်