မြန်မာနဲ့ကိုးရီးယားအနုပညာရှင်တွေပါဝင်တဲ့ ချင်းပြည်နယ်မှာရိုက်ကူးမယ့်ရုပ်ရှင်ကို ဒီပတ်စတင်ရိုက်ကူးမယ်

မြန်မာနဲ့ကိုးရီးယားအနုပညာရှင်တွေပါဝင်တဲ့ ချင်းပြည်နယ်မှာရိုက်ကူးမယ့်ရုပ်ရှင်ကို ဒီပတ်စတင်ရိုက်ကူးမယ်
မြန်မာနိုင်ငံနဲ့ ကိုးရီးယားချစ်ကြည်ရေးအတွက်ရိုက်ကူးမယ့် တိမ်တွေပေါ်က ပန်း ရုပ်ရှင်ကို ဇွန်လ ၆ ရက်နေ့တွင်စတင်ရိုက်ကူးမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ ကိုးရီးယားနိုင်ငံမှ ရှပ်ရှင်မင်းသားနဲ့မင်းသမီးအပါအဝင် မြန်မာပြည်မှ ဝတ်မှုန်ရွှေရည်၊ ကျော်ထက်အောင်၊ မေသန်းနုတို့ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင်က ရိုက်ကူးမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ သရုပ်ဆောင်ကျော်ထက်အောင်က ချင်းလူငယ် ထန် နေရာမှာသရုပ်ဆောင်မှာဖြစ်ပြီး မြန်မာနဲ့ အင်္ဂလိပ်လိုပြောကြမှာဖြစ်တယ်။
ချင်းပြည်နယ် ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့တို့တွင် ရိုက်ကူးမှာဖြစ်ပြီး ကိုးရီးယားနိုင်ငံဘူဆန်မြို့မှာလည်း ဆက်လက်ရိုက်ကူးမယ်လို့သိရပါတယ်။
ရုပ်ရှင်ကို ရက်ပေါင်း (၄၀)ကြာရိုက်ကူးမှာဖြစ်ပြီး ကျပ်သိန်း ငါးထောင် အကုန်အကျခံရိုက်ကူးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲကို မေလ (၃၁)ရက်တွင် ရန်ကုန်မြို့မှာကျင်းပပါတယ်။
ဒီရုပ်ရှင်ရိုက်ကူးရေးအတွက် ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သားမင်းသန့်မောင်မောင်တို့ဟာ ဧပြီလဆန်းပိုင်းတွင် ချင်းပြည်နယ်မှာ ကြိုတင်ကွင်းဆင်းလေ့လာကြပါတယ်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်