မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ပေါက်ကို Border Pass စနစ်ဖြင့် သြဂုတ်လ(၈)ရက်စဖွင့်မယ်

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဝင်/ထွက်ပေါက်ဖြစ်တဲ့ ရိခေါဒါရ်နဲ့ တမူးဘက်မှ Border Pass စနစ်ဖြင့် တစ်ပတ်နဲ့ နှစ်ပတ်ကြာ သွားလာခွင့်ပြုတော့မှာဖြစ်ပါတယ်။

ရိခေါဒါရ်မြို့မှာရှိတဲ့  မြန်မာ-အိန္ဒိယ နယ်စပ်ဝင်/ထွက်ပေါက်ကို Border Pass စနစ်ဖြင့် ဖြတ်သန်းသွားလာခွင့် ပြုဖို့   မြန်မာ-အိန္ဒိယနှစ်နိုင်ငံမှ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားပြီး လာမယ့် သြဂုတ် ၈ ရက်နေ့၌ မြန်မာ-အိန္ဒိယ နိုင်ငံတကာနယ်စပ်ဝင်/ထွက်ပေါက် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သွားရန် စီစဉ်ထားတယ်လို့ ရိခေါဒါရ် ပြန်/ဆက်ကရေးသားထားပါတယ်။

ရိခေါဒါရ် ပြန်/ဆက်ရုံးက ဖွင့်ပွဲကျင်းပပြီးရင်တော့ Border Pass Permit စနစ်(၂) မျိုးဖြစ်တဲ့ BP (Border Pass)စနစ်နဲ့ TBP (Temporary Border Pass)စနစ်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုပေးသွားမှာဖြစ်ပြီး BP စနစ်ဖြင့် ဖလမ်းခရိုင်အတွင်း ၁၄ ရက် ၁၃ ညအိပ်ခွင့်ဖြင့် လည်းကောင်း၊ TBP စနစ်ဖြင့် ၇ ရက် ၆ ည အိပ်ခွင့်ဖြင့် ဖလမ်းခရိုင် အတွင်း ဝင်ထွက်သွားလာခွင့်ပြုပေးတော့မယ်လို့ ရိခေါဒါရ်မြို့ လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးတေဇာလင်း ကဆိုပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်