ကြားဖြတ်မဲဆွယ်ကာလ ချင်းပါတီလူကြီးတွေ ကန်ပက်လက်မလာဖို့ထုတ်ပြန်ချက်ကို ပြန်လည်ဖြေရှင်း

ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက် ချင်းပါတီ(၃)ပါတီလူကြီးတွေ ကန်ပက်လက်မှာ စည်းရုံးရေးမဝင်စေလိုကြောင်း ချင်းပါတီ(၃)ခုဥက္ကဌတွေလိပ်မူပြီး အောက်တိုဘာ(၁၇)ရက်မှာ ကန်ပက်လက်မြို့နယ် CNDP ဥက္ကဌလက်မှတ်နဲ့ထုတ်ပြန်ထားပါတယ်။

ယင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကန်ပက်လက်မြို့နယ် CNDP ဥက္ကဌဦးနိုင်းအွမ်က “CPP ကိုယ်စားလှယ် ဦးမနားရှင်းက ပြဿနာအမြဲတမ်းရှာနေတော့ ဥက္ကဌတွေလာရင် ပြဿနာပိုဖြစ်မှာကြောက်လို့ ကန်ပက်လက်မြို့နယ် ချင်းပါတီသုံးခုဦးဆောင်သူတွေသဘောတူညီချက်နဲ့ထုတ်ထားတာပါ။ အဲ့ထုတ်ပြန်ချက်နောက်ပိုင်း CPPက အောက်တိုဘာ (၁၉)မှာ ကန်ပက်လက်မှာ CNDP ကိုသာမဲပေးဖို့ သဘောထားထုတ်ပြန်လာတဲ့တွက်ကိစ္စတော့မရှိတော့ပါဘူး။ ကြားဖြတ်ပြီးမှာလည်း ပါတီခေါင်းဆောင်တွေကို ကန်ပက်လက်မှာ ဖိတ်ဖို့ရည်ရွယ်ထားတယ်”လို့ ကပြောပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အဖမ်းအဆီး အလွန်ကြမ်းနေပြီး နေရာအနှံ့ ပေါ်တာဆွဲမှုများပြားလာ

မေ ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လမ်းသွားလမ်းလာ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ၎င်းရဲ့ လက်ပါးစေတွေက အရှိန်မြှင့် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေ အလွန်စိပ်လာနေပြီး ပြီးခဲ့တဲ့ မေလ ...

ဆက်ဖတ်ရန်