သြစတြေးလျနိုင်ငံပြည်နယ်အဆင့် U-12 ဘောလုံးပြိုင်ပွဲ ချင်းတစ်ယောက်အရွေးခံရ

သြစတြေးလျနိုင်ငံ ပြည်နယ်အဆင့် U-12 ဘောလုံးပြိုင်ပွဲတွင် Queensland ပြည်နယ်အသင်းက Cyrus Malsawmkima@Cyrus M ကိုရွေးချယ်ထားပါတယ်။

ပြည်နယ်အဆင့်ဘောလုံးပြိုင်ပွဲ Australia National Championship Football ကို စက်တင်ဘာလမှာ Sydney မြို့တော်မှာကျင်းပမှာဖြစ်ပါတယ်။

Cyrus M က “ကျနော်က အလယ်တန်းမှာကစားပါတယ်။ ကျောနံပါတ်ကတော့ (၈)ဖြစ်မယ်ထင်တယ်။ အခုပြိုင်ပွဲအတွက် ကျနော်ကစားတဲ့ Brisbane Strikers ကလပ်မှာ တစ်ပတ် သုံးကြိမ်လေ့ကျင့်နေပါတယ်။ ပြီးတော့ သောကြာနေ့တိုင် အစမ်းပြိုင်ပွဲတွေကစားပါတယ်”လို့ပြောပါတယ်။

Zalen ad

(Cyrus M ဘောလုံးလေ့ကျင့်နေစဉ်)

Cyrus M ဟာ အိန္ဒိယနိုင်ငံ နယူဒေလီမှာမွေးဖွားပြီး ၂၀၀၈ ခုနှစ်မှာ သြစတြေးလျနိုင်ငံ Brisbane မှာ မိသားစုလုံးပြောင်းရွေ့ခဲ့ပါတယ်။

ပြီးတော့ အခု သြစတြေးလျနိုင်ငံရဲ့အကြီးဆုံး ဂလပ်ဖြစ်တဲ့ A-League Club က ၂၀၁၉ ခုနှစ်မှာကျင်းပမယ့် U13 ပြိုင်ပွဲမှာ ၎င်းတို့ထံကစားဖို့ဖိတ်ခေါ်ထားပါတယ်။

သြစတြေးလျနိုင်ငံ Queensland ပြည်နယ်

စပိန်နိုင်ငံမှာကျင်းပတဲ့ U-11 ပြိုင်ပွဲမှာ Man of the Match ဆုနှစ်ကြိမ်ရရှိပြီး Austrilia State Championship မှာလည်းဆုတစ်ကြိမ်ရရှိခဲ့တယ်။

 

 

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်