တမူးမြို့နယ်တွင် မွေးမြူးရေးခြံပိုင်ရှင်ကို ပျူစောထီးနဲ့စစ်တပ်က သတ်ဖြတ်ပြီး သိန်း ၃၀၀ ကျော်လုယူသွား

တမူးမြို့အထက်ပိုင်း အောင်ဇယျာလမ်းပေါ်မှာရှိတဲ့ မင်းသာကျေးရွာ နန်းသလဲ့ တံတာဘေးတွင် ကျွဲနွားမွေးမြူးရေးနဲ့အသက်မွေးဝမ်းကြောင်းနေတဲ့ ဦးကျော်လွင် (၅၀နှစ်)ကို ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၁၅ ရက်က ရိုက်နှက်ကာသတ်ဖြတ်ပြီးနောက် အလောင်းကိုမီးရှို့ကြတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်တွင် ဦးကျော်လွင်ရဲ့ မွေးမြူးရေးခြံသို့ ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေရောက်လာပြီး ခြံထဲမှာလက်နက်တွေဖွတ်ထားတယ်လို့စွပ်စွဲကာ ခြံထဲက တဲကိုမွှေနှောက်ရှာဖွေပြီး ဖုန်း ၂ လုံးနဲ့ ငွေ သိန်း ၃၀၀ ကျော်ကို လုယူသွားကြပါတယ်။

နောက်နေ့ ဇွန်လ ၁၅ ရက်တွင် ဦးကျော်လွင်က မင်းသာစခန်းအရာရှိထံ ၎င်းရဲ့ဖုန်းနဲ့ ငွေကိုပြန်တောင်းရာ စခန်းကနေပြန်မောင်းထုတ်ခံရပြီး ၎င်း၏နောက်ကို စစ်ကောင်စီတပ်နှင့်ပျူစေားထီအဖွဲ့မှလိုက်သွားပြီး မင်းသာင်္သချိုင်းထိဖမ်းခေါ်သွားကာ ရိုက်နက်မီးရှို့သတ်ဖြတ်ကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဦးကျော်လွင်ရဲ့အလောင်းကိုလည်း ယနေ့ ဇွန်လ ၃၀ ရက်အထိ မီးရှို့ခံရတဲ့နေရာတွင်ရှိကာ အပုတ်နံ့တွေထွက်နေတယ်လို့လည်းသိရတယ်။

ဦးကျော်လွင်တွင်သည် အရင်က အုပ်ဖိုကန်ဘောင် အကျဉ်းဦစီး စခန်းတွင် ဆေးမူးတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၎င်း၏အမျိုးသမီးလည်း လက်ရှိကျန်းမာရေးဝန်ထမ်း ဖြစ်ပြီး ရွှေဘိုဆေးရုံတွင်တာဝန်ထမ်ဆောင်လျက်ရှိကြောင်းသိရတယ်။

မင်းသာကျေးရွာဟာ တမူးမြို့အထက်ပိုင်းမှာရှိပြီး မြို့နဲ့ ၁၀-၁၂ မိုင်လောက်ဝေးပါတယ်။

Zawgyi

တမူးၿမိဳ႕နယ္တြင္ ေမြးျမဴးေရးၿခံပိုင္ရွင္ကို ပ်ဴေစာထီးနဲ႔စစ္တပ္က သတ္ျဖတ္ၿပီး သိန္း ၃၀၀ ေက်ာ္လုယူသြား

တမူးၿမိဳ႕အထက္ပိုင္း ေအာင္ဇယ်ာလမ္းေပၚမွာရွိတဲ့ မင္းသာေက်း႐ြာ နန္းသလဲ့ တံတာေဘးတြင္ ကြၽဲႏြားေမြးျမဴးေရးနဲ႔အသက္ေမြးဝမ္းေၾကာင္းေနတဲ့ ဦးေက်ာ္လြင္ (၅၀ႏွစ္)ကို ပ်ဴေစာထီးအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္သားေတြက ဇြန္လ ၁၅ ရက္က ႐ိုက္ႏွက္ကာသတ္ျဖတ္ၿပီးေနာက္ အေလာင္းကိုမီးရႈိ႕ၾကတယ္လို႔ ေဒသခံေတြထံကသတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ဇြန္လ ၁၄ ရက္တြင္ ဦးေက်ာ္လြင္ရဲ႕ ေမြးျမဴးေရးၿခံသို႔ ပ်ဴေစာထီးအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္သားေတြေရာက္လာၿပီး ၿခံထဲမွာလက္နက္ေတြဖြတ္ထားတယ္လို႔စြပ္စြဲကာ ၿခံထဲက တဲကိုေမႊေႏွာက္ရွာေဖြၿပီး ဖုန္း ၂ လုံးနဲ႔ ေငြ သိန္း ၃၀၀ ေက်ာ္ကို လုယူသြားၾကပါတယ္။

ေနာက္ေန႔ ဇြန္လ ၁၅ ရက္တြင္ ဦးေက်ာ္လြင္က မင္းသာစခန္းအရာရွိထံ ၎ရဲ႕ဖုန္းနဲ႔ ေငြကိုျပန္ေတာင္းရာ စခန္းကေနျပန္ေမာင္းထုတ္ခံရၿပီး ၎၏ေနာက္ကို စစ္ေကာင္စီတပ္ႏွင့္ပ်ဴေစားထီအဖြဲ႕မွလိုက္သြားၿပီး မင္းသာသၤခ်ိဳင္းထိဖမ္းေခၚသြားကာ ႐ိုက္နက္မီးရႈိ႕သတ္ျဖတ္ၾကတယ္လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

ဦးေက်ာ္လြင္ရဲ႕အေလာင္းကိုလည္း ယေန႔ ဇြန္လ ၃၀ ရက္အထိ မီးရႈိ႕ခံရတဲ့ေနရာတြင္ရွိကာ အပုတ္နံ႔ေတြထြက္ေနတယ္လို႔လည္းသိရတယ္။

ဦးေက်ာ္လြင္တြင္သည္ အရင္က အုပ္ဖိုကန္ေဘာင္ အက်ဥ္းဦစီး စခန္းတြင္ ေဆးမူးတာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီး ၎၏အမ်ိဳးသမီးလည္း လက္ရွိက်န္းမာေရးဝန္ထမ္း ျဖစ္ၿပီး ေ႐ႊဘိုေဆး႐ုံတြင္တာဝန္ထမ္ေဆာင္လ်က္ရွိေၾကာင္းသိရတယ္။

မင္းသာေက်း႐ြာဟာ တမူးၿမိဳ႕အထက္ပိုင္းမွာရွိၿပီး ၿမိဳ႕နဲ႔ ၁၀-၁၂ မိုင္ေလာက္ေဝးပါတယ္။

နောက်ဆုံးရသတင်းများ

ပလက်ဝရဲ့ ​ဖြစ်လာနိုင်ခြေအနာဂတ်စီးပွားရေး

R.Lakher ရေးသည်။ ဒီတစ်ခေါက်တော့ နိုင်ငံရေး တော်လှန်ရေး အကြောင်းမဟုတ်ပဲ့ ပလက်ဝ ဒေသရဲ့ မကြာခင် ဖြစ်လာနိုင်ခြေ စီးပွားရေး အကြောင်းများကို သုံးသပ် ကြည့်ချင်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးဟာ ခွဲလို့မရတဲ့ အတွက် နိုင်ငံရေး ဘောဂဗေဒ ...

ဆက်ဖတ်ရန်