တီးတိန်မြို့နယ်တွင် PDA ရဲဘော်တစ်ဦး လုပ်ကြံခံရ

တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာအနီးမှာ ဇွန်လ ၂၃ ရက်က PDA (People Defence Army) ရဲဘော် ကိုဒိုရှန်ပြန် (၂၈နှစ်) သေနတ် ၃ ချက်ဒဏ်ရာနဲ့ သေဆုံးလျက်တွေ့ရှိတယ်လို့သတင်းရရှိပါတယ်။

သေနတ်ဒဏ်ရာဟာ ဦးခေါင်း၊ ညာဘက်လက်မောင်းနဲ့ နောက်ကြောမှာ ၃ ချက်ဒဏ်ရာတွေ့ရှိတယ်လို့သိရတယ်။ ရုပ်အလာင်းကို ယနေ့ ဇွန် ၂၅ ရက် ၁၂ နာရီတွင် မြေမြုပ်သဂြိုလ်ကြပါတယ်။

ကိုဒိုရှန်ပြန်ကို အခုထိဘယ်သူက လုပ်ကြံပစ်သတ်သွားတာလဲဆိုတာမသိရပေမယ့် ကပ်တဲလ်ရွာထဲက အငြိုးထားသူတွေကလုပ်ကြံတာလို့ယူဆရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး PDA (People Defence Army) က ယနေ့ထိ ဘာမှထုတ်ပြန်ထားခြင်းမရှိသေးပါ။

Zalen ad

Zawgyi

တီးတိန္ၿမိဳ႕နယ္တြင္ PDA ရဲေဘာ္တစ္ဦး လုပ္ၾကံခံရ

တီးတိန္ၿမိဳ႕နယ္ ကပ္တဲလ္ေက်းရြာအနီးမွာ ဇြန္လ ၂၃ ရက္က PDA (People Defence Army) ရဲေဘာ္ ကိုဒိုရွန္ျပန္ (၂၈ႏွစ္) ေသနတ္ ၃ ခ်က္ဒဏ္ရာနဲ႔ ေသဆံုးလ်က္ေတြ႔ရွိတယ္လုိ႔သတင္းရရွိပါတယ္။

ေသနတ္ဒဏ္ရာဟာ ဦးေခါင္း၊ ညာဘက္လက္ေမာင္းနဲ႔ ေနာက္ေၾကာမွာ ၃ ခ်က္ဒဏ္ရာေတြ႔ရွိတယ္လုိ႔သိရတယ္။ ရုပ္အလာင္းကို ယေန႔ ဇြန္ ၂၅ ရက္ ၁၂ နာရီတြင္ ေျမျမဳပ္သၿဂိဳလ္ၾကပါတယ္။

ကိုဒိုရွန္ျပန္ကုိ အခုထိဘယ္သူက လုပ္ၾကံပစ္သတ္သြားတာလဲဆိုတာမသိရေပမယ့္ ကပ္တဲလ္ရြာထဲက အၿငိဳးထားသူေတြကလုပ္ၾကံတာလို႔ယူဆရပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး PDA (People Defence Army) က ယေန႔ထိ ဘာမွထုတ္ျပန္ထားျခင္းမရွိေသးပါ။

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်