ခမ်းပါတ်-ရာဇဂြိုဟ် လမ်းမှာကင်းချထားတဲ့ စစ်တပ်ကလမ်းခရီးသွားပြည်သူများကိုငွေညှစ်တာ ခြိမ်းခြောက်တာမျိုးလုပ်ဆောင်နေ

ဇူလိုင်  ၁၀၊  ၂၀၂၆

Zalen ad

Zalen

စစ်ကိုင်းတိုင်း၊ ကလေး-တမူး လမ်းရှိ ခမ်းပါတ်မြို့နဲ့ ရာဇဂြိုဟ် မြို့ကြားမှာကင်းချထားတဲ့ စစ်ကောင်စီတပ်များက ခရီးသွားပြည်သူများကို ငွေညှစ်တာ၊ ခြိမ်းခြောက်တာမျိုးပြုလုပ်နေတယ်လို့ ဒေသခံများထံက သိရပါတယ်။

ပြီးခဲ့တဲ့လက ကလေး-တမူးလမ်းမပေါ်ရှိ ခမ်းပါတ်မြို့နဲ့ ရာဇဂြိုဟ်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားပြီလို့ ထုတ်ပြန်ခဲ့ပြီးနောက် အဲဒီလမ်းပိုင်းမှာ စစ်တပ်က ဂိတ်ချတာ၊ ကင်းလှည့်တာ လုပ်ဆောင်နေပြီး ခရီးသွားပြည်သူများကို အခုလိုငွေညှစ်တာ၊ ခြိမ်းခြောက်တာမျိုးပြုလုပ်နေကြတာ ဖြစ်ပါတယ်။

” စစ်တပ်က ခမ်းပါတ်နဲ့ရာဇဂြိုဟ် ကြားမှာ စစ်ဆေးရေးဂိတ်တွေနေရာတိုင်း ထားတယ် ခမ်းပါတ်မြို့ အထိပေါ့။ တချို့ဂိတ်တွေဆို မှတ်ပုံတင်ပါစစ်ပြီး ဘယ်ကလာတာလဲ ဘယ်သွားမလဲထိ မေးတယ်။ လှည့်ကင်းတွေအဖွဲ့ကလည်းစစ်တယ်။ ကြောက်လို့ထွက်ပြေးရင်ပြစ်သတ်မယ်လို့ ခြိမ်းခြောက် တယ်။ ဆိုင်ကယ်တွေဆို တစီး ၅ထောင်တောင်းတယ်။ မပေးနိုင်ရင် ဆိုင်ကယ်သိမ်းမျိုးထိလုပ်နေတယ်” လို့ သတင်းအရင်းအမြစ်တဦးက Zalen ကိုပြောပါတယ်။

စစ်ကောင်စီတပ်က ခမ်းပါတ်မြို့နဲ့ ရာဇဂြိုဟ်မြို့ကြား နေရာစုံမှာတပ်ဆွဲထားတာ၊ ဂိတ်ချထားတာ၊ လှည့်ကင်း ဆောင်ရွက်နေပြီး ခရီးသွားပြည်သူများကို တင်းကြပ်စွာစစ်ဆေးမေးမြန်းတာ၊ ငွေညှစ် တောင်းခံပြီးခြိမ်းခြောက်တာနဲ့ ဆိုင်ကယ်သိမ်းတာမျိုး ပြုလုပ်နေကြတယ်လို့သိရပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါလှတဲ့ ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ‌စစ်အင်အားထောင်ချီထိုးစစ်ဆင်တိုက်ခိုက်နေသလို လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တာ ၁လကျော်လာပြီး အဲဒီလမ်းပိုင်းက ကျေးရွာအချို့ကိုတာထိန်းချုပ်ထားတာဖြစ်ပါတယ်။

သတင် – S-L

ဓာတ်ပုံ-ပုံဟောင်း

#ခမ်းပါတ်-ရာဇဂြိုဟ် #စစ်တပ်#ပြည်သူများ#ငွေညှစ်ခြိမ်းခြောက် #Zalen

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်