တိုင်းနဲ့ ပြည်နယ် ဝူရှုးပြိုင်ပွဲတွင် ချင်းအသင်းက ရွှေ ၂ခု ရရှိ

၂၀၂၀ ခုနှစ် တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝူရှုးပြိုင်ပွဲတွင် ချင်းပြည်နယ် အသင်းက ရွှေ ၂ ခု၊ ငွေ ၄ ခု၊ ကြေး ၅ ခုရရှိသွားတယ်လို့သတင်းရရှိပါတယ်။

ယင်းပြိုင်ပွဲကို မန္တလေးမြို့တွင် ဇန်နဝါရီလ (၁၄)ရက်မှ (၁၆)ရက်နေ့အထိ ကျင်းပကြပါတယ်။

ချင်းပြည်နယ် ဝူရှုးအသင်းမှ ဆုရရှိသူတွေကတော့ ရွှေတံဆိပ်ဆုကို မောင်နိုင်းယောဟန်၊ မောင်အွမ်မာန်၊ ငွေတံဆိပ်ဆုကို မောင်ဟာလိန်းအွမ်၊ မောင်ထန်းခေါဂေ၊ မတမ်လေး၊ မကီးလိုင်း၊ ကြေးတံဆိပ်ဆုကို မောင်မန်ရှင်ပေါင်၊ မောင်အွမ်မဲင်ဟာ၊ မဟာဖံ၊ မတမ်နိူင်စိမ်း၊ မ ခင်ရွှေတို့က အသီးသီးရရှိကြပါတယ်။

Zalen ad

အသင်းနည်းပြ ဦးတမ်မန်က “ဒီ အားကစားသည် ပြိုင်ပွဲ ဝင်အသင်းအားလုံး လိုလို က ချင်းပြည်နယ် အားကစားသမားများ အဆင့်အတန်းမနိမ့်ပဲ တခြား အသင်းတွေ ထက် အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ကြတယ်လို့ အသိအမှတ်ပြု ခံခဲ့ ရပါတယ်။ ဒါကြောင့် ဒီအားကစားက နောက်နှစ်တွေမှာ အပြောင်းအလဲ ခဏခဏ မဖြစ်ပဲ အသေအချာ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်မယ်ဆိုရင် ဒီအားကစားဟာ ချင်းလူမျိုးတွေ အတွက် အသင့်တော်ဆုံး ကစားနည်း ဖြစ်ကြောင်း တင်ပြဆွေးနွေး လိုပါတယ်။ ဆက်လက် ကြိုးစား ဆောင် ရွက်ပါအုံး မယ်” လို့ ၎င်းလူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။

ဗိုလ်လုပွဲတွင် ချင်းပြည်နယ်အသင်းက (၄)ဦး မန္တလေးတိုင်းအသင်းက (၃)ဦးတက်ရောက်နိုင်ပြီး မန္တလေးတိုင်းက ရွှေတံဆိပ်ဆု (၃)ခုနဲ့ တံခွန်တိုင်ဆုကိုရရှိသွားပါတယ်။ ချင်းပြည်နယ်အသင်းဟာ ၂၀၁၇ ခုနှစ်မှာ အမျိုးသမီး တံခွန်တိုင်ဆုရရှိခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်