တမူးမြို့ထဲ ဈေးသွားရောက်တဲ့အမျိုးသားတစ်ဦး လမ်းမှာ အသတ်ခံရ

တမူးမြို့နယ် အင်ဒိုင်းကျေးရွာမှာစစ်ဘေးရှောင်ပြီး တမူးမြို့မှာ ရွှေလမ်ပိုသွားရောင်းလေ့ရှိတဲ့ ပန်းသာရွာသား ဦးညီညီ (၃၃နှစ်) ကို ဇူလိုင် ၃၁ ရက်က အသတ်ခံရပြီးနောက် ၂ ရက်အကြာမှာအလောင်းပြန်တွေ့ကြတယ်လို့သတင်းရရှိပါတယ်။

တမူးမြို့နယ်အတွင်း စစ်ရေးအခြနေတင်းမာလာတဲ့အတွက် တမူး-ကလေးလမ်းမကို
အထူးသတိပြုသွားလာဖို့ PDF Tamu ကကြေငြာထားလို့ ဦးညီညီလည်း ကွင်းလမ်းတောလမ်းကိုအသုံးပြုပြီးဈေးရောင်သွားပါတယ်။

အခင်းဖြစ်ပွားတဲ့ ဇူလိုင် ၃၁ ရက်နေ့တွင်တမူးမြို့သို့ ရွှေလမ်ပို ရောင်းချပြီးတောလမ်းမှအပြန် အသတ်ခံရတာဖြစ်နိုင်ကြောင်း ဇနီးသည်ထံမှသိရတယ်။

ဦးညီညီဇနီးက “အဲနေ့က ကျမယောက်ျားက ညနေ ၅ နာရီထိုးထိပြန်မရောက်လာတော့ ဖုန်းဆက်ကြည့်တယ်။ သူကွင်းလမ်းရောက်နေကြောင်းပြောပါတယ်။ တော်တော်ကြာတော့ စိတ်ပူလို့ထပ်ဆက်ကြည့်တာ ယောက်ျားတစ်ယောက်အသံကြားရပြီးဖုန်းစက်ပိတ်သွားတယ်။ အဲကတည်းကပျောက်သွားတာအလောင်းပြန်တွေ့တဲ့ထိပဲ” လို့ပြောပါတယ်။

Zalen ad

296274252_1575947086135576_1623219193010597416_n

ဦးညီညီရဲ့ အလောင်းမှာ လက်နောက်ပြန်ကြိုးတုတ်ထားပြီး ဦးခေါင်းမှာ သေနတ်ဒဏ်ရာတွေ့ရှိပြီး ဘယ်သူက သတ်တာလည်းဆိုတာ မသိရပါ။

အလောင်းကို မန်မော်ကျေးရွာအနီးမှာ သြဂုတ်လ ၂ ရက်နေ့ကပြန်တွေ့ကြပြီး တမူးနာရေးကူညီမှုအသင်းကသွားရောက်သယ်ဆောင်ပြီး အင်ဒိုင်းကျေးရွာသုဿာန်တွင်သဂြိုလ်ကြပါတယ်။

ဦးညီညီတွင် ဇနီး၊ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

အခင်းဖြစ်ပွားရာ မန်မော်ကျေးရွာနဲ့ပန်းသာကျေးရွာ တဝိုက်တွင် စစ်ကောင်စီတပ်နဲ့ပျူစေားထီးများလှုပ်ရှားသွားလာတဲ့ ဒသလည်းဖြစ်ပြီး မန်မော်နဲ့ အင်ဒိုးကျေးရွာဟာ ၇ မိုင်ခန့်ကွာဝေးပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်