တမူးမှာ ပျူစောထီးများရဲ့ရိုက်နှက်မှုဒဏ်ကြောင့် အရပ်သားတစ်ဦး သေဆုံး

အိန္ဒိယ-မြန်မာ နယ်စပ် မိုးလေးနှင့်နန့်ဖာလုံကြားတွင် ပျူစောထီးအဖွဲ့က ကိုမင်းလွန် (ခေါ်) ကိုပိန်ပိန်း (၃၈နှစ်) စီးလာတဲ့ ဆိုင်ကယ်ကိုလုယူပြီး ဆိုင်ကယ်မပေးလို့ရိုက်နှက်ကြတဲ့ဒဏ်ရာကြောင့် သြဂုတ် ၁၂ ရက်က သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ကိုမင်းလွန်က ၎င်းဆိုင်ကယ်လုယူသွားတဲ့ ပျူစောထီအဖွဲ့တွေဆီမှာ “ကျွန်တော့်မိန်းမက ကလေးတွေကို ဒီဆိုင်ကယ်လေးနဲ့ပဲကျောင်းကြိုကျောင်းပို့လုပ်ပေးတာပါဆရာ မယူပေးပါနဲ့” လို့ တောင်းပန်ပေမယ့် ပျူစောထီးတွေက အတင်းလုယူပြီး ကိုမင်းလွန်ကိုထိုးကြိတ်ရိုက်နှက်ကြပါတယ်။

298362003_609735363884477_5962755625984167560_n

ကိုမင်းလွန်ဟာ ဒဏ်ရာများနဲ့ အိမ်ကို ခြေလျင်နဲ့လျှောက်လာပြီး နှစ်ရက်တိုင်ဖျားနာပြီး သြဂုတ်လ ၁၂ ရက်နေ့ နေ့လည် ၁ နာရီလောက်တွင် သေဆုံးသွားပါတယ်။

Zalen ad

သူဟာကျန်းမာရေးချို့တဲ့သူတစ်ဦးလည်းဖြစ်ပြီး မိန်းမ နဲ့သားသမီး ၃ယောက် ထားရစ်ခဲ့ကြောင်းသိရတယ်။

တမူးမြို့နယ် ပျူစောထီးအဖွဲ့ဟာ အိန္ဒိယနိုင်ငံသား ၂ ဦးကိုလည်းသေနတ်နဲ့ပစ်သတ်ပြီး အလောင်းကိုလည်းဖြောင့်ဖျက်ကြပါတယ်။ ဒါ့ပြင် ၎င်းတို့လက်ချက်နဲ့သေဆုံးတဲ့ အရပ်သားပြည်သူ ၁၀ ယောက်ကျော်ရှိပါပြီ။

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်