CDF- CDM Siyin ကို တူမီးထီ ရန်ပုံငွေ ကျပ် ၂၄ သိန်းပေးအပ်

ချစ်ခြင်းနွေ/ ၇၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်က ခုခံတော်လှန်ရေးအတွက် ထောက်ပံ့ဖို့ ဖွင့်လှစ်ထားတဲ့ တူမီးထီ အပတ်စဉ် ၁၇ ကနေ ရရှိတဲ့ ငွေကျပ် ၂၄ သိန်းကို စီးယင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF – CDM Siyin ဆီကို ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ တူမီးထီက ထုတ်ပြန်ပါတယ်။

အပတ်စဉ် ၁၇ မှာ ထီအစောင်ရေ ၂၂၂ စောင်ရောင်းရကာ ဒေါ်လာ ၁,၁၁၀ ရရှိခဲ့ပြီး  ဆုကြေးငွေနဲ့ အေးဂျင့်ခအတွက် ဒေါ်လာ ၃၁၀ ပေးခဲ့ရပြီး ကျန်ရှိတဲ့ ဒေါ်လာ ၈၀၀ (ကျပ် ၂၄သိန်း) ကို ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

Zalen ad

တူမီးထီ လက်မှတ်တစောင်ကို ငါးဒေါ်လာနဲ့ ရောင်းချနေတာဖြစ်ပြီး အပတ်စဉ် ရရှိတဲ့ ရန်ပုံငွေတွေ ချင်းတော်လှန်ရေးအဖွဲ့တွေဆီပေးအပ်နေတာဖြစ်လို့ တော်လှန်ရေးပိုမိုအားကောင်းလာဖို့ ဝိုင်း၀န်းပံ့ပိုးကြဖို့ ပြောပါတယ်။

အပတ်စဉ် ၁၈ က ရလာမယ့် ရန်ပုံငွေတွေ မတူပီ CDF အဖွဲ့ဆီ ပေးအပ်သွားမယ်လို့ အသိပေးထားပြီး ပြီးခဲ့တဲ့ အပတ် ၁၆ ကရရှိ ရန်ပုံငွေတွေ CDF-မရာအဖွဲ့ဆီ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

လာမယ့် အပတ်စဥ် (၁၈)  ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၈၅၀ နဲ့ စတင်မှာဖြစ်ပြီး ထီအစောင်ရေ ရောင်းရမှု အပေါ်မူတည်ပြီး ဆုကြေးငွေတိုးမယ်လို့ ဆိုပါတယ်။

ချင်းရန်ပုံငွေအဖွဲ့ CRFP ဟာ ချင်းတော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့ဖြည့်ဆည်းပေနေတဲ့ အဖွဲ့အစည်းဖြစ်သလို တူမီးထီကို ၂၀၂၂ခုနှစ်ကစပြီး ဖွင့်လှစ်ခဲ့ဝာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖွင့်လှစ်တဲ့ အောင်ဘာလေထီကို မထိုးချင်ကြတဲ့ ပြည်သူတွေအတွက်နဲ့ တော်လှန်ရေးကို ထောက်ပံ့‌အားပေးဖို့အတွက် တော်လှန်ရေးထီတွေပေါ်ပေါက်လာခဲ့တာဖြစ်ပြီးအဲဒီထီတွေဟာ အောင်လံလွှင့်ချီ နွေဦးထီ၊ တအာင်းထီ၊ တူမီးထီနဲ့ Thoo Lei ထီတို့ ‌ဖြစ်ပါဝယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်