CNF က The Nippon Foundation အကူအညီဖြစ် စိုက်၊မွေးလုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်း

 

CNF က The Nippon Foundation အကူအညီဖြစ် စိုက်၊မွေးလုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်း

CNF က The Nippon Foundation အကူအညီဖြစ် ချင်းပြည်နယ် ထန်တလန်မြို့နယ်နဲ့ တီးတိန်မြို့နယ် ကျေးလက်ဒေသမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် ဒုတိယအကြိမ်ကွင်းဆင်းလေ့လာပါတယ်။

ဤခရီးစဉ်တွင် ချင်းအမျိုးသားတပ်ဦးCNF မှလက်ထောက်အထွေထွေအတွင်းရေးမှူး(1) Dr.Sui Khar ၊ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဌာနအတွင်းရေးမှူး Salai Bawi Lian Mang ၊Terra People Association(TPA)မှ ဆရာမ Sibata Kyoko (Country Representative) ၊ ဆရာဇဘက်ထန် နဲ့ Community Association for Rural Development(CARD)မှ ဆရာမNgai Mengတို့ ပါဝင်ကြပါတယ်။

ပညာရှင်များနဲ့ လူထုတွေ့ဆုံဆွေးနွေးမှုကို တီးတိန်မြို့နယ်၊Bukphirအုပ်စုမှ (Zinpi, Zinte, Fartalan, Ngente, Bukphir)ရွာမှဒေသခံများနဲ့ Bukphirကျေးရွာတွင်လည်းကောင်း၊ ထန်တလန်မြို့နယ် Belharအုပ်စုမှ (Sacek, SanpiChung, Tluangram, Belhar)ရွာမှဒေသခံများနဲ့ Belhar ကျေးရွာတွင်လည်းကောင်း၊ Lulpilung အုပ်စုနှင့် Vomkua အုပ်စုများတွင်လည်းကောင်း ပြုလုပ်ကြပါတယ်။

ဤခရီးစဉ်တွင် စိုက်/မွေးလုပ်ငန်းများ အောင်မြင်စွာအကောင်ထည်ဖော်ရန်အတွက် အောက်ဖော်ပြပါလုပ်ငန်းများလိုအပ်ကြောင်း CNF က သုံးသပ်ထားပါတယ်။

  1. ရပ်ရွာများအနေဖြင့် မိမိတို့၏ရပ်ရွာဖွံံ့ဖြိုးရေး စီမံ ကိန်းများ ရေးဆွဲထားရှိနိုင်ရန်၊
  2. စီးပွားဖြစ် စိုက်/မွေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် Capacity Buildingများပြုလုပ်ရန်၊
  3. ချင်းပြည်နယ်၏ ရေမြေတောတောင်များနှင့် ကိုက်ညီသော မျိုးကောင်း မျိုးသန့်များနှင့်စိုက်ပျိုးမွေးမြူ နည်းများဖော်ထုတ်နိုင်ရန်အတွက် သုတေသနလုပ် ငန်းများဆောင်ရွက်ရန်၊
  4. ကျေးရွာ(50)တွင် စံပြစိုက်/မွေးလုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် ပံ့ပိုးကူညီမှုများပြုလုပ်ရန်၊
  5. စိုက်/မွေးထုတ်ကုန်များ တန်ဖိုးမြှင့်တင်နိုင်ရန်နှင့်
    ဈေးကွက်များ ဖန်တီးရှာဖွေဖော်ထုတ်မှုများလုပ်ဆောင်ရန် စသည်တို့ဖြစ်ပါတယ်။

ခရီးစဉ်အတွင်းတွေ့ရှိချက်တွေကို The Nippon Foundationသို့တင်ပြပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါတယ်လို့ CNF ရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Chin National Front – Headquarters မှာဖော်ပြထားပါတယ်။

ပထမအကြိမ် ကွင်းဆင်းလေ့လာမှုကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်