Non CDM ကျောင်းသား/သူများကို အရေးယူမှာဖြစ်ကာ ဘက်ပြောင်းလိုပါက ပြစ်ဒဏ်ခံယူရမယ်လို့ ရေဦးမြို့ နယ်ပညာရေးဘုတ်အဖွဲ့ဆို

၁၅၊ဧပြီ ၊၂၀၂၄

Zalen

CDM ကျောင်းသားများရဲ့ ကြားကာလ ပညာရေးအခက်အခဲများကို မျက်ကွယ်ပြုတဲ့ ကျောင်းသားမိဘ များနဲ့ ကျောင်းသား/သူမျာကို ပြင်းထန်စွာအရေးယူမှာဖြစ်ပြီး စစ်ကျွန်ပညာရေးကို အကောင်အထည်ဖော်ပေးရာ ကနေ ပြည်သူ့အခြေပြုကျောင်းကို ဘက်ပြောင်းလိုတဲ့ ကျောင်းသူ၊ သားများဟာ သတ်မှတ်ထား တဲ့ ပြစ်ဒဏ်ခံ ယူရမယ်လို့ NUG လက်အောက်ခံ ရေဦးမြို့ပညာရေးဘုတ်အဖွဲ့က ဧပြီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါ တယ်။

ဘက်ပြောင်းကာ ပြည်သူ့ အခြေပြုကျောင်းက တက်လိုတဲ့ကျောင်းသားများအနေနဲ့ မိမိတက်ရောက်ပြီးဆုံးခဲ့ တဲ့အတန်းအတွက် ဒေသန္တရပြည်သူ့အခြေခံကျောင်းများရဲ့စစ်ဆေးအခဲခတ်မှုကိုခံရယူရန်၊မူလတန်းအဆင့် တွင် ၃ သိန်း၊အလယ်တန်းနဲ့ အထက်တန်းအဆင့်တွင် ၅ သိန်း ကို ဒဏ်ကြေးငွေအဖြစ်ပေးဆောင်ရန် နဲ့ ထိုသို့ ပေးဆောင်ရာမှာ မိသားစုတစ်စုလျှင် အတန်းအမြင့်ဆုံးတစ်ဦးအတွက်သာ ပေးဆောင်ရမယ် လို့ဆိုပါတယ်။

ဒဏ်ကြေးငွေကနေရရှိလာတဲ့ ငွေကြေးများကို မြို့နယ်ပညာရေး ဘုတ်အဖွဲ့သို့ ၃၀ ရာခိုင်နှုန်း နဲ့ ဒေသန္တရ ပြည်သူ့ အခြေပြုကျောင်းများသို့ ၇၀ ရာခိုင်နှုန်း ဖြင့်ထားရမှာဖြစ်ပြီး အဲဒီငွေကြေးများကိုရေဦးမြို့နယ် ကြားကာလ ပညာရေး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် အသုံးပြုသွားမယ်လို့သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူ့ကျောင်းသားများအနေနဲ့ကြားကာလပညာရေး ကျောင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ CDM Volunteer ဆရာ/မ များ၊CDM ကျောင်းသား များနဲ့ ပြည်သူလူထုကနေဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီက မတရားအာဏာသိမ်းပြီးနောက် မြန်မာပြည်အနှံ့ကျောင်းသား အများစုဟာ CDM ပြုလုပ်ကာ ကျောင်းဆက်မတက်တဲ့ သူများလည်းရှိသလို မိမိနေထိုင်ရာနေရာ ဒေသအလိုက် ပြည်သူဘက်က ဖွင့်ထားတဲ့ ကျောင်းမရှိတဲ့နေရာတွေမှာ စစ်ကောင်စီဖွင့်လှစ်တဲ့ ကျောင်းနဲ့ တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်တဲ့ ကျောင်းသားများလည်း အများကြီးရှိနေပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် ...

ဆက်ဖတ်ရန်