UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄

Zalen

MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ဒီကနေ့မ နက်ပိုင်းမှာဝိတ်ချိန်ရာ အကုတ်လုံးဝိတ်တန်းဝင်ပါတယ်။

မြန်မာစံတော်ချိန် မနက်ဖြန် ဧပြီလ ၁၄ ရက်မနက်ပိုင်းမှာ ကျင်းပမဲ့ UFC 300 ပွဲကြီးမှာ ဘောနပ်စ်ဆုကြေး ဆွတ်ခူးနိုင်သူများကို UFC အသင်းဥက္ကဋ္ဌ Dana White က အမေရိကန်ဒေါ်လာ ၃ သိန်းအထိတိုးမြှင့်ပြီးပေးအပ် သွားမယ်လို့သိရပါတယ်။ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု Las Vegas ရှိ T-Mobile Arena ကွင်းကြီးထဲမှာ ကျင်းပသွားမှာပါ။

UFC 300 ရာပြည့်ပြိုင်ပွဲကြီးမှာ တွဲဆိုင်း (၁၃) ခုတည်ထားပါတယ်။ Early Prelim နဲ့ Prelim တွေမှာ တွဲဆိုင်း (၄) ခုစီပါပြီး Main Card မှာ တွဲဆိုင်း (၅) ခုထည့်ထားပါတယ်။ UFC 300 ပြိုင်ပွဲကြီးမှာ အရည်အသွေးမြင့် ထိပ်တန်းကစားသမားတွေကိုပဲ တည်ပေးထားပြီး ချန်ပီယံ (ဟောင်း) အရေအတွက်က (၁၂) ယောက်ပါဝင် ကစားသမားစုစုပေါင်း (၂၆) ယောက်မှာ Ranking ဝင်တာ (၁၈) ယောက်တောင်ပါ ပါတယ်။

ပြိုင်ပွဲရဲ့ အဓိက ခေါင်ပွဲကြီးအဖြစ် ဘယ်ဝိုက်လက်သီးနဲ့ ပြိုင်ဘက်ကို အမှောက်သိပ်လေ့ရှိတဲ့ လက်ရှိချန်ပီ ယံ ဘရာဇီး နိုင်ငံသား Alex Peiriera နဲ့ ချန်ပီယံ ဟောင်း အမေရိကန်နိုင်ငံသား Jamahal Hill တို့က Light Heavyweight ခါးပတ်လု ကြမှာပါ။

ပြိုင်ပွဲရဲ့ Early Prelim က တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် မနက် (၄) နာရီခွဲမှာဖြစ်ပြီး တွဲဆိုင်း (၄) ခု ကစားပါမယ်။ Prelim က မြန်မာစံတော်ချိန် မနက် (၆) နာရီခွဲမှာ စတင်ပြီး တွဲဆိုင်း (၄) ခုလာပါဦးမယ်။ Main Card က မြန်မာစံတော်ချိန် မနက် (၈) နာရီခွဲကနေစမှာဖြစ်ပြီး တွဲဆိုင်း (၅) ခုကစားပါမယ်။ပွဲချိန်တွေက အခြေအနေအရ အပြောင်းအလဲလည်းရှိနိုင်ပါတယ်။

မြန်မာ ပရိတ်သတ်များအနေနဲ့ UFC 300 ကို CANAL + APP ကနေကြည့်လို့ရပါမယ်။ CANAL + APP က ဒီကနေ့ ဧပြီ ၁၃ နဲ့ မနက်ဖြန် ဧပြီ ၁၄ ရက်ကို အခမဲ့ကြည့်ရှုခွင့်ပေးထားတာကြောင့် မြန်မာပရိတ်သတ်များ အတွက်လည်းကြည့်ရတာ အဆင်ပြေသွားမှာပါ။

ပြိုင်ပွဲကြီးရဲ့ ထူးခြားချက်ကိုပြောရရင် ကစားသမား ၂၆ ဦးမှာ တစ်ယောက်မှ ဝိတ်ပိုတာမရှိပါဘူး။ခါတိုင်းဆို တစ်ယောက်ယောက်ကဝိတ်ပိုတက်ပါတယ်။ဝိတ်ပိုတဲ့သူက ဘောနပ်စ်ဆုကြေးမရကြတာကြောင့် သတိကြီး ကြီးနဲ့ ဝိတ်ကိုထိန်းကြတာသိသာပါတယ်။ ခါတိုင်းပွဲတွေဆို ဘောနပ်စ်ဆုကြေးအဖြစ် ဒေါ်လာ ၅ သောင်း ပေး လေ့ရှိရာ ဒီတစ်ခေါက် ၃ သိန်းအထိတိုးမြှင့်ပေးထားတာကြောင့် လည်းဝိတ်မပိုရဲကြတာဖြစ်မှာပါ။

သတင်း – Grace

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်