UNHCR ကဆက်လက်အကာအကွယ်ပေးဖို့ နယူးဒေလီရောက် ချင်းဒုက္ခသည်တွေ(၃)ရက်မြောက်ဆန္ဒပြမယ်

UNHCR ကဆက်လက်အကာအကွယ်ပေးဖို့ နယူးဒေလီရောက် ချင်းဒုက္ခသည်တွေ(၃)ရက်မြောက်ဆန္ဒပြမယ်
အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်တွေဟာ နယူးဒေလီမြို့ရှိ UNHCR ရုံးရှေ့မှာ ဇန်နဝါရီလ (၁၆)ရက်ကစပြီး မနက်(၁၁)နာရီမှ ညနေ(၃)နာရီထိ အင်အား သုံးရာကျော်ကငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြပါတယ်။
ယခုလို ဆန္ဒပြတဲ့အကြောင်းရင်းဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်ကစပြီး UNHCR က ချင်းဒုက္ခသည်တွေကို ရွေးချယ်စရာနှစ်ခုပေးကာ အင်တာဗျူးစတင်လုပ်ဆောင်ခြင်းကြောင့်ဖြစ်တယ်။

 

 


UNHCR ပေးထားတဲ့ ပထမရွေးချယ်စရာကတော့ နိုင်ငံတကာရဲ့အကာအကွယ်ပေးဖို့မလိုအပ်တော့ဘူး ဆိုတဲ့အချက်နဲ့ ဒုတိယ အချက်က နိုင်ငံတကာရဲ့အကာအကွယ်ပေးဖို့ ဆက်လက်လိုအပ်နေပါတယ်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ ပထမချက်ရွေးချယ်တဲ့သူတွေကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်ထိ UN ကဒ်ကိုသက်တမ်းတိုးပေးပြီး ဒုတိယအချက်ရွေးချယ်တဲ့သူတွေကို ဇန်နဝါရီ(၂၄)ရက်မှာ အင်တာဗျူးထပ်မံချိန်းဆိုထားပါတယ်။

UNHCR က ၂၀၁၈ နှစ်စတုန်းမှာ မလေးရှားနဲ့ အိန္ဒိယနိုင်ငံရှိ ချင်းဒုက္ခသည်တွေကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ(၃၁)ရက်ထိသာ အကာအကွယ်ပေးမယ်လို့ကြေညာထားပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး နယူးဒေလီရှိ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း(CHRO)တာဝန်ခံ ဆလိုင်းကျူံးဒေါ့က “ချင်းပြည်နယ်ဟာ UN တွေထင်သလို လုံခြုံမှုမရှိသေးဘူး၊ စစ်တပ်အာဏာအရမ်းများသေးတယ်၊ အိမ်မပြန်ရဲသေးဘူး၊ ဒါ့ပြင် ပြည်တွင်းမှာရောက်ရင် အသက်မွေးဝမ်းကျောင်းဖို့အခက်အခဲ၊ ကလေးတွေပညာရေးအခက်အခဲလည်း ပြဿနာတစ်ခုဖြစ်တယ်ဆိုတာပြချင်တယ်။ UN ရဲ့ပေးထားတဲ့ ဒုတိယအချက်ရွေးချယ်တဲ့သူတွေကတော့ သူတို့စာရွက်စာတမ်းတွေပြန်ကြည့်ပြီးတော့ ဒုတိယအင်တာဗျူးခေါ်တဲ့ချိန်မှာ သူဟာ ဒုက္ခသည်အဖြစ်သတ်မှတ်သင့်သလာ၊ မသင့်ဘူးလာဆိုတာကြည့်ပြီး ဒုက္ခသည်လို့မသတ်မှတ်သင့်တဲ့သူတွေဆို ပယ်ချခံရနိုင်တယ်။ အဲ့လိုဆို သူတို့ UN ကဒ်တွေသိမ်းတော့မှာ။ ဒါကြောင့် ဒုတိယအကြိမ်အင်တာဗျူးမခေါ်ပဲ UN ကဒ်သက်တမ်းတိုးပေးဖို့တောင်းဆိုထားတယ်။ ချင်းဒုက္ခသည်တွေဟာ နိုင်ငံတကာရဲ့အကာအကွယ်ဆက်လက်လိုအပ်လို့ အကာအကွယ်ပေးကြပါလို့တောင်းဆိုတာ။ အိန္ဒိယမှာ ချင်းဒုက္ခသည် (၃၅၀၀)လောက်ရှိတဲ့ထဲမှာ ရာဂဏန်းကျော်ကျော်တော့ အင်တာဗျူးလုပ်ပြီးသွားပြီ။ တကယ်တော့ UN ကဒ်ဟာ ကျနော်တို့ အိန္ဒိယနိုင်ငံမှာ နေထိုင်ခွင့်ရစေတဲ့ ကဒ်ဖြစ်တယ်။ ဒီကဒ်မရှိတော့ဘူးဆိုရင် ခိုးဝင်မှုနဲ့ကျနော်တို့ထောင်ချနိုင်တယ်။ ဒီပြင့် ဒီကဒ်နဲ့ ပြဿနာတစ်ခုခုကြုံတဲ့ချိန်မှာ ကျနော်တို့ဟာ ဒုက္ခသည်တွေပါ၊ ကူညီပေးကြပါဆိုပြီးရဲကိုအကူအညီတောင်းလို့ရတယ်။ ဒီကဒ်မရှိတော့ရင် ပြဿနာတစ်ခုခုကြုံရင်လည်း ရဲစခန်းကိုသွားရဲတော့မှာမဟုတ်ဘူး”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်