ZCD ပါတီမှတ်ပုံတင်ဖို့ လျှောက်ထားချက် စစ်ကောင်စီ ငြင်းပယ်

၆၊ ဩဂုတ်၊ ၂၀၂၄

Zalen

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ZCD) ရဲ့ပြန်လည် မှတ်ပုံတင် လျှောက်ထားချက်ကို စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ ငြင်းပယ်လိုက်ပါတယ်။

ပြန်လည်မှတ်ပုံတင်ခွင့်မရတဲ့ ပါတီတွေကို စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းဌာနတွေကနေ ဩဂုတ်လ ၅ ရက်က ထုတ်ပြန်ကြေညာခဲ့တာပါ။

Zalen ad

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်မှာ ZCD ပါတီ အပြင် လူ့ဘောင်သစ်ပါတီ (NSP) ကိုလည်း ငြင်းပယ် ခဲ့ပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ စိစစ် ပြန်ကြားချက် တွေအရ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ ပါ ပြဠာန်းချက်တွေ နဲ့ ညီညွတ်ခြင်း မရှိတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၆/၂၀၂၄) ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်း နည်းဥပဒေများပါ ပုံစံ(ဆ)နဲ့ ငြင်းပယ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ZCD ပါတီဟာ တီးတိန်မြို့နဲ့ တွန်းဇံမြို့မှာ လွှတ်တော်အမှတ်နေရာတွေကို အနိုင်ရခဲ့ပြီး ၂၀၂၀ ရွေးကောင်ပွဲမှာလည်း တီးတိန်နဲ့ တွန်းဇံမြို့မှာ လွှတ်တော်အမတ် နှစ်နေရာ အနိုင်ရခဲ့ပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်အခြေစိုက်ပြီး ပါတီအသစ်တည်ထောင်လျှောက်ထားတဲ့ ချင်းပြည်သူ့ပါတီ(CPP) ကိုလည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ငြင်းပယ်ခဲ့ပါတယ်။

၂၀၂၃ခုနှစ်၊ မတ်လ ၈ရက်နေ့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ ဗမာပြည်သူ့ပါတီ စတဲ့ နိုင်ငံရေးပါတီ ၄၀ ကို မတ်လ ၂၉ ရက်နေ့ကစပြီး နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်